Wednesday, April 1, 2015

COC ကစားသတဲ့လား

ခုတလော ခေတ်စားနေလေရဲ့

COC .....COC...

Clash of Clan ...online game...

ဟိုနားသွားလဲ COC, ဒီနားသွားလဲ COC, ကားပေါ်မှာလည်း သူပဲ ... ထမင်းဆိုင်မှာလည်း သူပဲ။
စိုးမိုးနိုင်လွန်းပါသည်။ အင်တာနတ်ဖွင့်ပြီးမှ ဆော့ရသော online game ပေမို့ COC ကို ဒီလောက်ခေတ်စားနေအောင် ဖုန်းအော်ပရေတာ ကုမ၌ဏီကြီးများမှပင် ဖန်တီးလိုက်လေသလား ထင်ရမလောက်။ COC ကြောင့် data charges တွေ အများကြီး ရကြပေမည်။

ကစားသူတွေများလွန်းတော့ စပ်စပ်စုစု ဘာများလဲဟဲ့ COC ဆိုပြီး ကစားမိပါသည်။ အိပ်ရေးတွေပျက်၊ အစားပျက်၊ အသောက်ပျက်၊ အလုပ်အကိုင်တွေပါပျက်မတက်..ဟဲ့ တယ်လဲ စွဲပါလားကရို့။ မဖြစ်ချေဘူး မြန်မြန် ဖြတ်မှ ဆိုပြီး ၀င်ထားမိတဲ့ Clan (COC တွင် အုပ်စုဖွဲ့ပြီး clan ထောင်၍ ကစားကြလေရာ ကြာလေ သံယောဇဉ်ဖြစ်လေဖြစ်ပြီး ထိုင်ရာမထ စကားပြောဆိုနေတက်ကြသောကြောင့်) မှ ထွက်လိုက်သည်။ ဒါတောင် ဒင်းက အချိန်မှန် Massage ပို့သည်။ Noti တက်သည်။ အဲသည်တော့ ဖွင့်ကြည့်မိပြန်သည်။ အများတကာတွေ ဖွင့်ကြတာမြင်ရပြန်တော့လည်း ဖွင့်ကြည့်မိပြန်သည်။ ခက်တော့နေပြီ COC။

ဒါ့ကြောင့် COC ဆိုတာများ ကစားနေပြီးသားသူဆိုလျှင်တော့ ဖြတ်ဖို့ခက်မှန်းသိပါရဲ့... မစမ်းဘူး မသပ်ဘူးတဲ့သူများဆိုရင် တော့ ဝေးဝေးကပါရှောင်ကြပါလို့ တိုက်တွန်းချင်တာကြောင့် သူငယ်ချင်းများ ဆုံကြတဲ့အခါများဆို " COC ကစားသလား " ဆိုတာလေး ခုတလော မေး..မေးကြည့်မိနေပါကြောင်း။

No comments:

Post a Comment