Wednesday, February 29, 2012

ငါးထောင်တန်ဖုန်းနဲ့ စာနယ်ဇင်း

ငါးထောင်တန်ဖုန်းတွေလာပြီတဲ့ -ရွှေပြည်တံခွန်က စလိုက်တဲ့ ဇာတ်လမ်းက ပွက်လောထပြီး တော်တော်နဲ့ အဆုံးမသတ်နိုင်ဖြစ်ကာ စာနယ်ဇင်းတွေမှာရော၊ လူထုကြားထဲမှာပါ ရေပန်းစားအာရုံစိုက်စရာ ဖြစ်ခဲ့ပါပြီ။
ဆက်သွယ်ရေးဝန်ကြီးက မဖြစ်နိုင်ပါဘူးလို့ ပြောလာတော့ ပွဲက ပိုဆူလာပါရော။ သမ္မတကသာ ခွင့်ပြုရင် ဆက်သွယ်ရေးရဲ့ အခြေခံအဆောက်အအုံတွေမပါဘဲ ခြောက်လအတွင်းအပြီး တည်ဆောက်မှာပါ လို့ ရွှေပြည်တံခွန်က ထပ်မံပြောလာတော့ ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူးက နောက်မှ ဆက်သွယ်ရေးကို ဆဲသံ၊ ငါးထောင်တန်ဖုန်းကို မျှော်တဲ့အသံတွေ ပလူကိုပျံနေရော... စာနယ်ဇင်းတွေမှာလဲ ကာတွန်းကစ ဆောင်းပါးအဆုံး ဒီအကြောင်းမှ ရေးမထားရင် လူရာမ၀င်နိုင်တော့မတက်..  စာနယ်ဇင်းတွေမှာ ကဏ္ဍစုံပါလာတော့ လူတန်းစားစုံ သိပြီပေါ့နော။ ခေါင်းရွက်ဗျက်ထိုးဈေးသည်လဲ ငါးထောင်တန်ဖုန်းနဲ့ ဖောက်သည်တွေဆီကို ဆက်ပြီး  mobile ရောင်းဝယ်ဖောက်ကားရေး ကိုစိတ်ကူးယဉ်တယ်၊ ဆိုက္ကားဆရာကလဲ ဂျာနယ်မှာ တရားဝင် ဖုန်းလိုချင်တယ်တဲ့.. ဒါဆို လုပ်ရကိုင်ရ ပိုအဆင်ပြေမှာပါတဲ့..၊ စာနယ်ဇင်းဆရာကြီးတွေကလဲ လူမသိသူမသိရော လူသိရှင်ကြားရော ငါးထောင်တန်ဖုန်းမျှော်လင့်ချက်တွေ ချရေးလာကြတယ်။ နိုင်ငံခြားက ရွှေမြန်မာများကလည်း ဟုတ်တယ်တဲ့... သူတို့ရောက်နေတဲ့ နိုင်ငံတွေမှာဆိုလဲ sim card က မြန်မာငွေ ငါးထောင်တောင် မရှိဘူးဆိုပြီး မီးထိုးကြပါတော့တယ်..။  ဒီ ငါးထောင်တန်တောမီးက အလွှာစုံအောင် အကြီးအကျယ်လောင်ပါတော့တယ်။ ဒီမီးက မီးသတ်ဦးစီးဌာနနဲ့လည်း မဆိုင်ပါ.. ဘယ်သူက ဘယ်ပုံစံနဲ့ ငြှိမ်းမလဲဆိုတာကတော့ မြန်မာ့ဆက်သွယ်ရေးသမိုင်းစာမျက်နှာသစ်မှာ စောင့်ကြည့်ရတော့မှာပါ။

No comments:

Post a Comment