Tuesday, February 28, 2012

Don't do this....

                     ကလေးဘ၀ကတည်းက ဒါမလုပ်နဲ့.. ဟိုလိုမလုပ်နဲ့... ဒီလိုမဟုတ်ဘူး စသဖြင့် စိတ်ကို ဘောင်ခတ်ပြီး နောက်တွန့်စေတဲ့ စကားလုံးတွေက နုနယ်တဲ့အရွယ်ကစပြီး ဦးနှောက်မှာ အရာထင်ခဲ့စေပါတယ်။ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေကို အကျိုးသင့်အကြောင်းသင့်ချမှတ်တဲ့အခါ အမျိုးအမည်ဖော်မရတဲ့ ခံစားချက်တွေကြောင့် နှောင့်နှေးမိပြီး ရံဖန်ရံခါမှာ စိတ်တွင်းမှ ကြိုတင်အာရုံခံစားမှုက မှန်သလိုလို ဖြစ်ခဲ့တာတွေတောင်ရှိပါရဲ့။ ဒါပေမယ့် နတ်ကိုးကွယ်မှုလိုပဲ မယုံကြည်လို့ မကိုးကွယ်သူမှာ ထူးပြီး မထိခိုက်တက်ပေမယ့် ယုံကြည်လို့ ပသကိုးကွယ်တဲ့သူကျ အမှားလေးတစ်ခုနှစ်ခုကြောင့် ထိခိုက်တယ်လို့ ယုံကြည်ယူဆကြသလိုပဲ စိတ်ရဲ့ ကြိုတင်မှန်းဆမှုနဲ့ ပုံဖော်မှုတွေက အနာဂတ်အပေါ်မှာ အနည်းနဲ့အများဆိုသလို ထိရောက်မှုရှိနေမှာပါ။ ဒါကြောင့်လဲ ဥပါဒါန်ကြောင့် ဥပါဒ်ဖြစ်တယ်လို့ ဆိုရိုးရှိခဲ့တာပဲဖြစ်ပါတယ်။
                  ထင်မထားတဲ့ ကံကြမ္မာဆိုတာမျိုးတွေဟာ များသောအားဖြင့် ဖြစ်လာမှာကို ကြိုတင်စိုးရိမ်မိတဲ့ အဖြစ်ဆိုးတွေ ဖြစ်နေတက်ပါတယ်။ ဆိုလိုတာက ဖြစ်လာမှာစိုးလို့ တွေးတောပူပန်မိတဲ့အချိန်မှာ တပြိုင်တည်းပဲ ဖြစ်ရပ်ကို ပုံဖော်နေမိတက်တဲ့ အတွေးပုံရိပ်တွေက အနာဂတ်မှာ သက်ရောက်မှုဖြစ်တဲ့သဘောပါ။           

No comments:

Post a Comment