Wednesday, February 29, 2012

ဘဝ


ကဗျာတစ်ပုဒ် ဖန်ဆင်းဖို့
ဆေးလိပ်ကိုဖွာတယ်..
စာနာသူ ဖြစ်စေဖို့
ခံစားချက်ကို ညာတယ်...
အိမ်မက်တွေ အသက်ဝင်စေဖို့
ငါ့ယုံကြည်ချက်ကို ညာတယ်...

ဆန်းစစ်လို့ရသမျှ
အတ္တကို အသာပေး၊
ငါ့ကိုယ်ငါ..
မျှော်လင့်ရာ ဘ၀နဲ့
ဝေးနိုင်သမျှ ရွှေ့ခဲ့.....

ဒီလိုနဲ့ပဲ
မမျှော်လင့်တာတွေ အထပ်ထပ်ဖြစ်
တစ်ဘ၀စာ စုန်းစုန်းနစ်ပေါ့..။

No comments:

Post a Comment